Competition

chinese japan korea englishmyanmar

 

Myanmar Skills 2016-Press Show

Myanmar Skills 2016 − Web Design Skill ပြိုင်ပွဲ

ရည်ရွယ်ချက်

  • မြန်မာလူငယ်ပညာရှင်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများအားမြှင့်တင် ပေးရန်။
  • ခေတ်မီပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် နည်းပညာတီထွင်ဆန်းသစ်မှုများအား အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲများမှ တဆင့် လက်ဆင့်ကမ်း ရရှိနိုင်ရန်။
  • ကျွမ်းကျင်မှုများအား လေ့ကျင့်မြှင့်တင်ခြင်း၏ အရေးပါအရာရောက်ပုံကို အစိုးရ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ပုဂ္ဂလိကသင်တန်းများနှင့် လုပ်ငန်းများအနေဖြင့် ပိုမိုနားလည်လာစေရန်။
  • ASEAN Skills ပြိုင်ပွဲအတွက်ကြိုတင် ပြင်ဆင်ရာတွင် အကြံဉာဏ်များနှင့် အထောက်အပံ့များ ရရှိနိုင်ရန်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ မြန်မာနိုင်ငံကျွမ်းကျင်မှုပြိုင်ပွဲဦးစီးကော်မတီမှ ဦးစီး၍ မြန်မာနိုင်ငံ ကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၆ (Myanmar Skills 2016 - Web Design Skill) ကို ကျင်းပမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာပုံစံကို www.mcf.org.mm တွင် download ရယူပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အဆောင်(၉)၊ MICT Park၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ ရန်ကုန်မြို့၊ (ဖုန်း-၀၁ ၆၅၂၃၀၇ ၊ ၀၁ ၂၃၀ ၅၂၃၃) သို့ ၁၅.၂.၂၀၁၆ ကြာသာပတေးနေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ခံရသူများစာရင်းကို ၁၉.၂.၂၀၁၆ သောကြာနေ့တွင် ထုတ်ပြန်ကြေညာ၍

၂၀.၂.၂၀၁၆ စနေနေ့ နှင့် ၂၁.၂.၂၀၁၆ တနင်္ဂနွေနေ့များတွင် Skill Coaching သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး၊
မတ်လအတွင်း ကျင်းပပြုလုပ်မည့် Myanmar Skills 2016 − Web Design Skill ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင် ရပါမည်။

ပြိုင်ပွဲဝင်များသည် အသက် ၂၁နှစ်အောက် ဖြစ်ရပါမည်။ Myanmar Skill 2016 တွင် အဆင့်အထူးချွန်ဆုံးသောပြိုင်ပွဲဝင်အနေနှင့် အာဆီယံအဆင့်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်ပါက ၂၀၁၆ စက်တင်ဘာလ တွင်ကျင်းပမည့် Asean Skill 2016 (Malaysia) တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

Myanmar Skills 2016 Application Form

မေးစရာများ ရှိရင် မေးပါ။ ထင်မြင်ချက်လည်း ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

chinese japan korea englishmyanmar