Clash of Robots Press Show

မြန်မာနိုင်ငံကွန်ပြူတာပညာရှင်အသင်း(MCPA)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ WYTU Science & Research Club တို့ ပူးပေါင်းကြီးမှုးကျင်းပသော Clash of Robots ပြိုင်ပွဲ Press Show အား ၂၀၁၈ ခုနစ် စက်တင်ဘာလ ၃ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်မြို့ MICT Park, Building 14 ရှိ Kanaung Hub ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း မှ အဖွင့်အမှာစကားပြောကြား၍ WYTU ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းခန့်မောင်မောင် နှင့် WYTU Science & Research Club မှ ဥက္ကဋ္ဌ ကိုဟိန်းထက်တို့မှ ပြိုင်ပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံများနှင့် စိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူများ၊ သတင်းမီဒီယာ အသီးသီးမှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြပါသည်။

Contact Us
4th Floor, Building 14, MICT Park Hlaing University Campus, Yangon, 11051, Myanmar.