ICT Career Talk

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ၏ Incubation Center ဖြစ်သည့် Kanaung Hub တွင် Internship Program 2018 အတွက် ရောက်ရှိနေကြသည့် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများ ပြည်တွင်းပြည်ပရှိ ICT နှင့်ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းများကို သိရှိလေ့လာနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ICT Career Talk အခမ်းအနားကို ၂၀၁၈ ခုနစ်၊ ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ MICT Park ၊ အဆောင် ၁၄၊ ၄ လွှာ ရှိ Kanaung Hub တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် Ed Tech Myanmar မှ အမှုဆောင်အရာရှိချုပ် ဦးဘုန်းပြည့်ဦး နှင့် Myanmar Payment Solution Services မှ အထွေထွေမန်နေဂျာ ဦးရဲဝင့်ထူး တို့က Internship Program 2018 အတွက် ရောက်ရှိနေကြသည့် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသူ/ကျောင်းသား များကို ပြည်တွင်းပြည်ပ ICT အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ကြပါသည်။

Contact Us
4th Floor, Building 14, MICT Park Hlaing University Campus, Yangon, 11051, Myanmar.