Pyidaungsu Font version History

July 4, 2016
ယခုအခါ Pyidaungsu, Myanmar Census ဖောင့်များ နှင့်ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်ရန် Version History ကို ရေးသားတင်ပြအပ်ပါသည်။ (ဇယားကွက်)

ပြည်ထောင်စုဖောင့် (Pyidaungsu font) ကို MCF NLP မှမူပိုင်ဖြစ်ပြီး OFL ဖောင့်လိုင်စင်ဖြင့် ဖြန့်ချိပါသည်။ စာလုံးဒီဇိုင်းကို Myanmars Net မှ CEO ဦးဇော်ထွဋ်က ဝင်းအင်းဝဖောင့် ကိုလှူဒါန်းပေးပါသောကြောင့် ဝင်းအင်းဝဖောင့်မှ စာလုံးကို ကူးယူပြီး ပြည်ထောင်စုဖောင့် အဖြစ်ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ယူနီကုဒ်ဖောင့် အဖြစ် ဆက်လက်ရေးသား ပြင်ဆင်သူ ဆန်းထွန်းဖြစ်ပါသည်။

အထောက်အပံ့ပြုထားသော ဘာသာ​များမှာ- ဗမာ, သက္က​တ/ပါဠိ, မွန်, ရှမ်း, စ​ကော​ကရင်, ပိုး​ကရင်(အနောက်​ပိုင်း), ပိုး​ကရင် (အရှေ့​ပိုင်း), ပ​အိုဝ်း, ကယား, အရှို​ချင်း, ပ​လေး​ပ​လောင်, ရူ​မာည်း​တ​အောင်း,ခန္တီး​ရှမ်း, Aiton & Phake, တိုင်း​လျမ်ခေါ်​ရှမ်း​နီ, ရွှေ​ပ​လောင် စသည်တို့ဖြစ်သည်။

Windows, Mac, Linux စနစ်များတွင်ပါ သုံးစွဲနိုင်ပြီး
iOS အတွက် font profile နှင့် Android အတွက် လိုအပ်သော font apk ကိုသွင်းပေးခြင်းဖြင့် သုံးစွဲနိုင်ပါသည်။

ဖောင့်အမည်

Version

ဖြန်ချိရက်စွဲ

မှတ်ချက်

Myanmar Census

Beta1

8/8/2013

 

Myanmar Census

Beta3

25/2/2014

 

Myanmar Census

Beta4

21/3/2014

 

Pyidaungsu

1.0

17/10/2014

Myanmar Census အား Pyidaungsu အမည်ဖြင့်ပြောင်းလဲ အစားထိုးခဲ့

Pyidaungsu

1.1

11/7/2014

Fix dotted circle bug

Pyidaungsu

1.2

15/12/2014

Fix Shan rendering issues

Pyidaungsu

1.3

27/4/2015

Fix Pao Tone mark bug

Pyidaungsu

1.5

5/6/2016

Change mym2 script tag

Pyidaungsu 1.3 ဖောင့်သည် Microsoft Office 2016 တွင် default အနေဖြင့် စာအမှန် မထွက်ပါ။ ပြင်ဆင်မှုအချို့ ပြုလုပ်ရပါသည်။( mymr script tag ဖြင့်ရေးထားခြင်းကြောင့်ဖြစ်သည် ) http://www.mcfmyanmar.org/myanmar-unicode/61-windows-users/358-ms-word.html

ထို့အတူ Windows 8, 8.1, 10 တွင် ပါဝင်လာသော “Myanmar Text” ဖောင့်သည် Windows7 အောက် တွင်သော်လည်းကောင်း၊ Microsoft Office 2016 အောက်ဗားရှင်းများတွင် သော်လည်းကောင်း အလုပ်မလုပ်ပါ။ အကြောင်းအရင်းမှာ “Myanmar Text” ဖောင့်သည် mym2 script tag ဖြင့်ပြောင်းလဲ ရေးဆွဲထားသော ကြောင့်ဖြစ်သည်။

Ref:

NOTE: The script tag for Myanmar script for use with the Myanmar shaping engine is mym2 and not mymr. The script tag mymr has limited support and should not be used.

https://www.microsoft.com/typography/OpenTypeDev/myanmar/intro.htm

Pyidaungsu ZawDecode Font

စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။

Unicode Input ကီးလက်ကွက်ဖြင့် ပူးတွဲသုံးစွဲ ရန်ဖြစ်ပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm