Travel Tech Meetup

မြန်မာနိုင်ငံရှိ ခရီးသွားလာမှုဆိုင်ရာ နည်းပညာလုပ်ငန်းများနှင့် ပတ်သက်၍ အလွတ်သဘော ဆွေးနွေးပွဲတစ်ခုဖြစ်သည့် Travel Tech Meetup ကို ၂၀၁၈ ခုနစ်၊ မတ်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ MICT Park ၊ အဆောင် ၁၄၊ ၄ လွှာ ရှိ Kanaung Hub တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Travel Tech Meetup ဆွေးနွေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ပြည်တွင်းနည်းပညာလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Contact Us
4th Floor, Building 14, MICT Park Hlaing University Campus, Yangon, 11051, Myanmar.