စောစောရှာ Mobile Application

April 20, 2020

COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကူးစက်ခံရနိုင်မှု အခြေအနေကို ခြေရာခံဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်၍ COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး အိုင်စီတီနည်းပညာ အထောက်အကူပြု လုပ်ငန်းအဖွဲ့က “စောစောရှာMobile Application လွှင့်တင်ထားပါသည်။ “စောစောရှာ Mobile Application အားပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများအပြင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေခြင်းဖြင့် ကူးစက်ခံရနိုင်ခြေ ရှိသူများကိုလည်း အိုင်စီတီ နည်းပညာ အထောက်အကူဖြင့်ရှာဖွေဖော်ထုတ်နိုင်မည့်အပြင် ရောဂါကူးစက်ခံရနိုင်မှု အခြေအနေ ထိန်းချုပ်ခံရမှုကိုလည်းများစွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

Download URL:
https://www.sawsawshar.gov.mm
Discussion Group:
https://web.facebook.com/groups/232333777880903/

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm