Job Vacancy

နေ့စွဲ ။ ။ ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွင် တာ၀န်ထမ်းဆောင်ရန် ရုံးပိုင်းဆိုင်ရာ၊ စီမံရေးရာနှင့် Computer Network Technician ၀န်ထမ်းများ အလိုရှိသည်။

လက်ထောက်မန်နေဂျာ – ကျား/မ (၂) ဦး
– တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိ ထားပြီး စီမံခန့်ခွဲမှုဆိုင်ရာ Diploma (သို့) Certificate ရရှိထားသူ ဖြစ်ရမည်။
– စီမံဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရမည်။

– အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ (Microsoft office) တတ်ကျွမ်းရမည်။ ကွန်ပျူတာ စာစီစာရိုက် (မြန်မာ၊ အင်္ဂံလိပ်) ကျွမ်းကျင်ရမည်။

– အသက် (၂၇)နှစ်နှင့် အထက် ဖြစ်ရမည်။

Network Technician- ကျား (၁) ဦး
– တက္ကသိုလ်မှ ဘွဲ့ တစ်ခုခုရရှိထားပြီး A+, Network, System Administration ဆိုင်ရာ Certificate ရှိပြီး လုပ်ငန်းကျွမ်းကျင်သူ ဖြစ်ရမည်။

– သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

Admin Staff – ကျား/မ (၁) ဦး
– တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိ ရမည်။

– အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ (Microsoft office) တတ်ကျွမ်းရမည်။ ကွန်ပျူတာ စာစီစာရိုက် (မြန်မာ၊ အင်္ဂလိပ်) ကျွမ်းကျင်ရမည်။

– လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

အထက်ပါ ရာထူးများအတွက် လျောက်ထားသူများသည် ကျန်းမာသန်စွမ်းသူ၊ ဖျတ်လတ််တက်ကြွပြီး ဦးဆောင်နို်င်သူ၊ ကျင့်စာရိတ္တကောင်းမွန်ပြီး အချိန်ပြည့်နှင့် လုပ်ငန်းလိုအပ်ချက် အရ အချိန်မရွေး တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားလိုသူများအနေဖြင့် ပတ်စပို့အရွယ် ဓါတ်ပုံ နှစ်ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဘွဲ့လက်မှတ် နှင့် ပညာအရည်အချင်း အထောက်အထား မိတ္တူ ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံစာနှင့် အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးခန်း၊ အဆောင် (၁)၊ MICT Park တက္ကသိုလ်များလှိုင်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁၆၅၂၃၀၇၊ ၀၉ ၇၃၂၅၇ ၃၇၇ သို့့ ၂၀၁၄ ခုနှစ် ဧပြီလ (၂၆)ရက််နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်