နည်းပညာလုပ်ငန်းများ ပျိုးထောင်ပေးရေးနှင့် နည်းပညာလုပ်ငန်းများတိုးတက်စေရန် USICT Council Myanmar ဆွေးနွေး

December 4, 2020

USICT Council Myanmar ၏ တာဝန်ရှိသူများဖြင့် မြန်မာနိုင်ငံတွင် နည်းပညာလုပ်ငန်းများ ပျိုးထောင်ပေးရေးနှင့် နည်းပညာလုပ်ငန်းများတိုးတက်စေရန် ပူးပေါင်းလုပ်ကိုင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လည် (၀၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး USICT Council Myanmar မှ Ms. Gretchen Kunze, Executive Director, US ICT Council for Myanmar နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ အတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူးများ ဖြစ်ကြသော ဒေါ်ချောခင်ခင်နှင့် ဒေါက်တာအေးအေးသင်းတို့ တက်ရောက်ခဲ့ကြပြီး နေ့လည် (၀၃:၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

#MCF # မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm