အမျိုးသားအဆင့်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်နိုင်ရေးအတွက် Round Table Discussion ဆွေးနွေးပွဲ

August 12, 2020

အမျိုးသားအဆင့်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒနှင့် မဟာဗျူဟာများအကောင်အထည်ဖော်နိုင်ရေးအတွက် Round Table Discussion ဆွေးနွေးပွဲကို ၁၀-၈-၂၀၂၀ ရက်နေ့ နေ့လည် (၂:၀၀) နာရီ တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းနှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်အေးဝင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဇော်ထွဋ်တို့ တက်ရောက်ခဲ့ပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm