ကွန်ပျူတာသိပ္ပံဘာသာရပ်သင်ကြားရေးအဖွဲ့အစည်းအဝေး (၁/ ၂၀၂၀) ကျင်းပ

December 24, 2020

ရန်ကုန်၊ ဒီဇင်ဘာ (၂၄)

ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာန မှ ကွန်ပျူတာသိပ္ပံဘာသာရပ်သင်ကြားရေးအဖွဲ့အစည်းအဝေး (၁/ ၂၀၂၀) ကို ၂၄-၁၂-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးရဲရင့်ဝင်း၊ ဒေါက်တာနွဲ့နွဲဝင်း၊ ဒေါက်တာထွန်းသူရသက် နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် အလုပ်အမှုဆောင် ဖြစ်သော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းဦးတို့က တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm