ရန်ကုန်၊ ၂၈ စက်တင်ဘာ
မြန်မာနိုင်ငံ၏ အိုင်စီတီအခွင့်အလမ်းများ ဆိုင်ရာဆွေးနွေးခြင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများနှင့် အသင်းချူပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲရင့်ဝင်း၊ ဒေါက်တာနွဲ့နွဲ့ဝင်း၊ ဦးမျိူးမြင့်ထွန်း၊ ဒေါက်တာထွန်းသူရသက်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဒေါ်ချောခင်ခင်၊ ဒေါက်တာအေးအေးသင်း၊ ဦးအောင်စိုးသာ၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်အေးဝင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထင်အောင်ခိုင်တို့မှ တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အိုင်စီတီအခွင့်အလမ်းများဆိုင်ရာဆွေးနွေးခြင်းတွင် Myanmar 4.0 အောင်မြင်စွာဖြစ်ပေါ်ရေး၊ မြန်မာနိုင်ငံမှ အိုင်စီတီကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံမှ အိုင်စီတီကုမ္ပဏီများသည် နိုင်ငံတကာနှင့် ဆက်သွယ်၍ အိုင်စီတီကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သတ်၍ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ကွန်ပျူတာအသင်းချူပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်အကြောင်း အနည်းငယ်ရှင်းလင်းပြောကြား၍ Myanmar 4.0 ဖြစ်ပေါ်လာရန်အတွက် White Paper ရေးဆွဲဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ အိုင်စီတီကုမ္ပဏီများ၊ အိုင်စီတီကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးသံမှူးများ အကူအညီဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် လည်း ဆောင်ရွက်လုပ်ကိုင်လိုကြောင်း ဆွေးနွေးပြောကြားပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက မြန်မာနိုင်ငံမှ ICT Park များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် ICT Park များအကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးတွင် အိုင်စီတီကဏ္ဍ တိုးတက်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကျသော Myanmar 4.0 ဖြစ်ထွန်းရေးဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က Digital Economy နှင့်ပတ်သတ်၍ ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံအားရေးဆွဲထားပြီး National Export Strategy တွင်လည်း Digital Economy အနေဖြင့် Myanmar 4.0 နှင့်ပတ်သတ်သော Strategic Plan တစ်ခုကိုလည်း ရေးဆွဲရန်ရှိကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် ပတ်သက်၍ မျှော်မှန်းချက်များကို ဆွေးနွေးပြောကြားပါသည်။
ဆက်လက်ပြီး ပြည်ပနိုင်ငံသို့ စေလွှတ်ထားသော မြန်မာစီးပွားရေးသံမှူးများက နိုင်ငံတိုင်းတွင် နှစ်စဉ်နှစ်တိုင်း ကုန်စည်ပြပွဲများ၊ ဟောပြောပွဲများ ပြုလုပ်လျှက်ရှိရာ နည်းပညာနှင့် ပတ်သက်၍ ပြပွဲများလည်း ပါဝင်လျှက်ရှိသဖြင့် မြန်မာနိုင်ငံမှ အိုင်စီတီကုမ္ပဏီများမှ ဝင်ရောက်ပြသစေလိုပြီး ယခုအခါတွင် Covid-19 ရောဂါကြောင့် Online မှ ပြပွဲများ၊ ဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ပါဝင်ရန် ပိုမိုလွယ်ကူကြောင်း၊ နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးမှုများ၊ နိုင်ငံတကာမှ အိုင်တီကုမ္ပဏီများနှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးကြပြီး မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်