ရန်ကုန်၊ ဩဂုတ် ၆
အစ္စရေးနိုင်ငံရှိအောင်မြင်နေသည့် Startup Accelerator Company များမှ တာဝန်ရှိသူများဖြင့် မြန်မာနိုင်ငံတွင် နည်းပညာလုပ်ငန်းများပျိုးထောင်ပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်းကို ၆-၈-၂၀၂၀ ရက်နေ့ ညနေ (၄:၀၀) နာရီ၌ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အစည်းအဝေးခန်းမ တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor၊ Economic Officer ဒေါ်သန္တာမိုးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် Kanaung Hub Incubation Center အကြောင်းကို ရှင်းလင်းပြောကြား၍ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်