APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကျင်းပ

December 14, 2020

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဦးဆောင် လမ်းညွှန်မှု၊ Asia Pacific Telecommunity (APT) ၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသည် APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကို ဒီဇင်ဘာ (၁၁) ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် Online, Offline နှစ်မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများတွင် လူငယ်အလွှာပေါင်းစုံမှ ပါဝင်နိုင်စေရန် အသက် (၁၀) နှစ်မှ (၁၇) နှစ်အထိ လူငယ်များအတွက် Junior Innovative Robot Project Competition နှင့် အသက် (၁၇) နှစ်မှ (၂၀) နှစ်အထိလူငယ်များပါဝင်နိုင်သည့် Senior Innovative Robot Project Competition ဟူ၍ ပြိုင်ပွဲ နှစ်မျိုး ခွဲခြား ကျင်းပခဲ့ပါသည်။

ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ Junior Innovative Robot Project Competition ပြိုင်ပွဲတွင် ပြည်နယ်တိုင်းများမှ အဖွဲ့(၃)ဖွဲ့ နှင့် Senior Innovative Robot Project Competition ပြိုင်ပွဲတွင် ပြည်နယ်တိုင်းများမှ စုစုပေါင်းအဖွဲ့ ( ၁၀) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

ထိုပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ နည်းပညာတီထွင် ဆန်းသစ်မှုများ တိုးတက်လာစေရန်၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင်တတ်လာစေရန်၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံ နည်းပညာများ ဖွံ့ဖြိုးလာစေရန်၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ ဖွံ့ဖြိုးလာစေရန် ဝေဖန်ဆန်းစစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများအား ပြိုင်ပွဲမှတဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

အကဲဖြတ်ဒိုင်များအဖြစ် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန် ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာစနစ်နှင့် နည်းပညာမဟာဌာန၊ ပါမောက္ခ ဒေါ်ခင်ထားနွယ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်မိုး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်း၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်မင်းထွေး၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးရဲကျော်သိန်းနှင့် ဦးအောင်ပြည့်ဟိန်း တို့က ပါဝင်အကဲဖြတ်ပေးခဲ့ပါသည်။

#MCF #မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm