ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပသည့် APT Young Professionals and Students Programme for 2022 “IoT Smart Challenge for Agri-Tech Sector Project Competition” ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ အဆောင် (၁၄) Kanaung Hub Incubation Center, MICT Park ရန်ကုန်မြို့တွင် နံနက် (၉:၀၀) နာရီမှ ညနေ (၃:၃၀) နာရီအထိ Online / Offline ဖြင့် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Final ပြိုင်ပွဲ၏ Junior အဆင့်တွင် (၃) ဖွဲ့နှင့် Senior အဆင့်တွင် (၁၁) ဖွဲ့တို့က ကျွမ်းကျင်မှုဧရိယာအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျွမ်းကျင်ပညာရှင် (၈) ဦးတို့မှ အကဲဖြတ် ကြီးကြပ်ပေးခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချောခင်ခင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာမြင့်မြင့်သန်းတို့မှ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကြီးကြပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်











