APT Young Professionals and Students Programme for 2022 ပြိုင်ပွဲ ကျင်းပ

October 17, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပသည့် APT Young Professionals and Students Programme for 2022  “IoT Smart Challenge for Agri-Tech Sector Project Competition” ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ အဆောင် (၁၄) Kanaung Hub Incubation Center, MICT Park ရန်ကုန်မြို့တွင် နံနက် (၉:၀၀) နာရီမှ ညနေ (၃:၃၀) နာရီအထိ Online / Offline ဖြင့် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ Final ပြိုင်ပွဲ၏ Junior အဆင့်တွင် (၃) ဖွဲ့နှင့် Senior အဆင့်တွင် (၁၁) ဖွဲ့တို့က ကျွမ်းကျင်မှုဧရိယာအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျွမ်းကျင်ပညာရှင် (၈) ဦးတို့မှ အကဲဖြတ် ကြီးကြပ်ပေးခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချောခင်ခင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာမြင့်မြင့်သန်းတို့မှ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကြီးကြပ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm