စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာစေရေးစီမံချက် (CERP)ပါ ပန်းတိုင် (၅)ခု အောက်ရှိ Challenge Grant ပြိုင်ပွဲများအကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများကို အများပြည်သူ သိရှိစေရေး သတင်းစာရှင်းလင်းပွဲ အခမ်းအနား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
MoCOM E-Commerce Innovation Challenge ကို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ လူငယ် ဆန်းသစ်တီထွင်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဂေဟစနစ် အတွင်း ပါဝင်ဆောင်ရွက်သူများအနေဖြင့် “Industry Revolution 4.0” ကို အပြည့်အဝ လက်ခံကျင့်သုံးနိုင်သည့် တီထွင်ဆန်းသစ်မှုများဖြင့် မောင်းနှင်သော စီးပွားရေးတစ်ရပ်အတွက် အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ E-Commerce ကဏ္ဍ၏ အနာဂတ်ကို ပုံဖော်နိုင်ရေးအတွက် အားပေးကူညီနိုင်ရန်အတွက် ဖြစ်သည်။
ထို့နောက် (MoCOM E-COMMERCE Innovation Challenge) Challenge Grant ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ Digital Trade နှင့် E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ UNDP Myanmar မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ၊ MCF Digital Economy Committee အတွင်းရေးမှူးဦးမျိုးမြင့်ထွန်း တက်ရောက်ခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှင့် UNDP တို့ ပူးပေါင်း၍ ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက်မှ စတင်၍ E-Commerce စိန်ခေါ်ပွဲများကို စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး စိန်ခေါ်ပွဲတွင် ပါဝင်လိုသူများ အနေဖြင့် အသေးစိတ် သတင်းအချက်အလက်များကို (https://www.connectthedot.com.mm/) ဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)