Challenge Grant ပြိုင်ပွဲအဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အစည်းအဝေးကျင်းပ

December 7, 2020

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်နေ့။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ၏ ပန်းတိုင် ၅ ပါ Action Plan 5.1.2 (d) အရ Challenge Grant ပြိုင်ပွဲများကို ကျင်းပရာတွင် ပြိုင်ပွဲအဆိုပြုလွှာများကို သတ်မှတ်စံနှုန်းနှင့်အညီ စိစစ်ရွေးချယ်ခြင်း၊ နည်းပညာအရ စစ်ဆေးအကဲဖြတ်ခြင်း နှင့် အပြီးသတ်ရွေးချယ်၍ ဆုချီးမြှင့်ခြင်းတို့ကို အဆင့်အလိုက် ဆောင်ရွက်နိုင်ရန် စိစစ်ရေးကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း (၀၂း၃၀) နာရီ အချိန်တွင် Zoom Online Meeting ဖြင့် စတင် ကျင်းပခဲ့ပါသည်။

ပထမအကြိမ်အဖြစ် COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး နှင့် အရှိန်အဟုန်မြှင့်တင်နိုင်ရေး အဖြေရှာဖော်ထုတ်မည့်ပြိုင်ပွဲ နှစ်ခုကို ပြုလုပ်လျက်ရှိပြီး ၊ အဆိုပြုလွှာများ လက်ခံခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

Challenge Grant ပြိုင်ပွဲ ရွေးချယ်စိစစ်ရေးအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ Ms.Pem Wangdi ၊ Programme Specialist and Inclusive Growth ၊ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် ( မြန်မာ ) ၊ Mr.Sven Callebaut ၊ International Advisor on Challenge Grant ၊ ဦးသောင်းတင် ၊ ဥက္ကဌ၊ E-Commerce Association of Myanmar ၊ ဒေါ်ခင်လေး၊ ဥက္ကဌ ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ ဦးအောင်ကျော်မိုး၊ အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ဒေါက်တာအောင်မြတ်လွင် ၊ ဘဏ္ဍာရေးမှူး၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တို့မှ တာဝန်ရှိပုဂ္ဂိုလ်အသီးသီး တက်ရောက်ခဲ့သည်။

#MCF #မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm