China – ASEAN ICT Innovation Forum တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေး

December 24, 2020

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်နေ့။

China – ASEAN ICT Innovation Forum ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇-၁၈) ရက်နေ့များတွင် Online – Offline စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖိုရမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက ၂၀၂၀ပြည့်နှစ်အား Year of the China – ASEAN digital cooperation အဖြစ် သတ််မှတ် ဆောင်ရွက်ရန် သဘောတူညီချက်အရ ဆောင်ရွက်ရန်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက် ခဲ့သည့် activities များအနက် နောက်ဆုံး activity ဖြစ်ပါသည်။

အဆိုပါ China – ASEAN ICT Innovation Forum တွင် အာဆီယံ ကိုယ်စားလှယ်များတတ်ရောက် ဆွေးနွေးပွဲသို့ မြန်မာကွန်ပျူတာအသင်းချုပ် (MCF) မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်း တက်ရောက်‌၍ ဆွေးနွေး ခဲ့ပါသည်။

#MCF #ကွန်ပျူတာအသင်းချုပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm