CIO/CTO Online Conference Webinar သို့ ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်း Keynote Speech တက်ရောက် ပြောကြား

September 4, 2020

ရန်ကုန်၊ ၂၇ ဩဂုတ်

e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းက ကျင်းပပြုလုပ်သည့် “CIO/CTO Online Conference” ဆွေးနွေးနှီးနှောဖလှယ်ပွဲကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်း စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက Keynote Speech တက်ရောက် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm