COVID-19 လုပ်ငန်းစဉ်တွင် လိုအပ်သော သတင်း အချက်အလက်များကို ပြုစုဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကွန်ပျူတာများ လှူဒါန်း

November 27, 2020

COVID-19 လုပ်ငန်းစဉ်တွင် လိုအပ်သော သတင်း အချက်အလက်များကို ပြုစုဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကွန်ပျူတာများ လှူဒါန်း

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့။

(၁) COVID-19 ကာလအတွင်း လိုအပ်သော သတင်းအချက်အလက်များ နှင့် Data များဖြည့်စွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ကိုယ်စား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းခိုင်က အလှူရှင်များ လှူဒါန်းထားသော ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန သို့ ကွန်ပျူတာများ သွားရောက်လှူဒါန်းခဲ့သည်။

(၂) အဆိုပါ လှူဒါန်းမှုအား ရန်ကုန်တိုင်း COVID-19 အတည်ပြုလူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်သော ပါမောက္ခ ဒေါက်တာ မော်မော်ဦးက လက်ခံခဲ့သည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm