Excel မှာ မြန်မာ ဂဏန်း ကို ငွေကြေးသင်္ကေတ အဖြစ် comma ဖြတ်သုံးရင် အလိုလျောက် အင်္ဂလိပ် ဂဏန်းပြောင်းသွားပါတယ်။ ဆိုလိုတာက comma ကိုလက်နဲ့ရိုက်ထည့် တာကို ပြောတာမဟုတ်ဘူး။ Home tab အောက်က Number ribbon မှာ comma ပုံလေးကို နှိပ်လိုက်ရင် အင်္ဂလိပ် ဂဏန်းပြောင်းသွားတာပါ။ ဒီတော့- ဘယ်လိုလုပ်ရမလဲ?
- သင်ထည့်ချင်သော cell ကွက်မှာ မြန်မာ ဂဏန်း ငွေကြေးပမာဏတခု ရိုက်ထည့်လိုက်ပါ။ ဥပမာ- ၁၆၇၈၀ ကျပ်ဆိုပါတော့ ဒါကို select လုပ်ထားပြီး Number ribbon ရဲ့ ညာဘက်ထောင့်က မျှားအောက်စိုက်လေးကို နှိပ်လိုက်ရင် Format Cell dialog box ကျလာပါမယ်။
- Number tab က Category: မှာ Custom ကိုရွေး ညာဘက် အကွက်ထဲက အောက်ခြေနားလောက်မှာ [$-10000455]0 ကိုရှာပြီး click ရွေးလိုက် Type: box မှာ ပြင်ပေးရပါမယ်။
- [$-10000455]#,##0.00 ဆိုပြီးပြင်ပေးပါ။ ရလဒ်က ကိန်းစဉ်ကို comma ဖြတ်မယ် ဒသမ ၂ နေရာ ထားမယ်ပေါ့။ ပြင်ပြီးရင် Enter ခေါက်လိုက်ရင် သင်လိုချင်သော ၁၆,၇၈၀.၀၀ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
- ဒီနေရာမှာ ဗဟုသုတ အဖြစ် အဲဒီကုဒ်က [$-10000455] ဘာလဲဆိုတော့ နံပါတ်တွေကို သုံးပိုင်း ပေါင်းထားတယ် (10)(00)(0455) ရှေ့ဆုံးအပိုင်းက Numeral Shape Code မြန်မာနံပါတ်က 10 ပါ။ အလယ်အပိုင်းက Calender Type ပါ Gregorian ပြက္ခဒိန်-01, ကိုးရီးယားပြက္ခဒိန်-05, ထိုင်းပြက္ခဒိန်-07 စသည်ဖြင့်ပေါ့။ 00 က မသတ်မှတ်တဲ့သဘောပါ။ နောက်ဆုံးပိုင်းလေးလုံးတွဲက Locale and Language Code ပါ 0455 က မြန်မာ code နံပါတ်ဖြစ်ပါတယ်။
- Date format ပြောင်းချင်ရင် cell ကွက် မှာ =now() လို့ရိုက်ထည့်ရင် လက်ရှိ ရက်စွဲ နှင့် အချိန်ကို ပြပေးမှာပါ။ ခုနအတိုင်း Custom မှာ [$-10000455]dd-mm-yyyy လို့ပြင်ပေးပါ။ မြန်မာ ရက်စွဲရပါလိမ့်မည်။