ITPEC (Information Technology Professional Examination Council) Executive Director Meeting (EDM) သို့ တက်ရောက်ခြင်း

September 3, 2020

ရန်ကုန်၊ ဩဂုတ် ၂၅

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက နိုင်ငံတကာ အသိအမှတ်ပြု ITPEC Exam များအားနှစ်စဉ် မြန်မာနိုင်ငံအတွက် ကြီးမှုးကျင်းပ ပေးလျှက်ရှိပါသည်။

ITPEC (Information Technology Professional Examination Council) မှ Executive Director Meeting (EDM)အား သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများတွင် အလှည့်ကျ နှစ်စဉ်ကျင်းပလျက် ရှိရာနိုင်ငံ (၇)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး လျှက်ရှိပါသည်။ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အစည်းအဝေးကျင်းပရန်ရှိသော်လည်း ခရီးသွားကန့်သန့်မှုများကြောင့် Online (Video Conferencing) စနစ်ဖြင့်သာ ကျင်းပလျှက်ရှိပါသည်။

ITPEC EDM အစည်းအဝေးအား ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှ ၂၆ ရက် ထိ နှစ်ရက်တိုင် ကျင်းပပြုလုပ်လျှက် ရှိရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်တို့မှ တက်ရောက်ဆွေးနွေးလျှက် ရှိပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm