KDDI Application Contest 2020 Final Demonstration & Awarding ကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် Online ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်မည်

August 25, 2020
KDDI Foundation နှင့် MCF တို့ပူးပေါင်း၍ KDDI Application Contest 2020 ကို ဇန်နဝါရီလ (၁၆)ရက်နေ့ တွင် Application Form များကို နောက်ဆုံးလက်ခံခဲ့ပြီး တက္ကသိုလ်အသီးသီးက ပြိုင်ပွဲဝင် အဖွဲ့ (၅၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် 1st Selection ပြုလုပ်၍ နောက်ဆုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် အဖွဲ့(၁၀)ဖွဲ့ကို ရွေးချယ်ခဲ့ပြီး Final Demonstration & Awarding ကို ဖေဖော်ဝါရီလ(၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း လိုက်ရပါသည်။ ယခုအခါ KDDI Application Contest 2020 Final Demonstration ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် Online ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm