MCF Has Its Federation Strategic Plan Developed

September 23, 2020
As a result of deliberate and committed actions, Myanmar Computer Federation has recently developed its federation strategic plan in May and started to implement it with much enthusiasm for achieving the goals and contributing to Myanmar’s development through digital transformation with its sustained support for the Information Technology services sector.

Being the apex association for the Information and Technology services sector, Myanmar Computer Federation plays a highly important role in Myanmar IT development as well as digitalization of the businesses. Supporting IT companies to promote exports to foreign countries, MCF is promoting Myanmar Information and Technology sector to keep abreast with the fourth Industrial Revolution. Operating in a leading role of the sector by means of advocating to the government, capacity building, disseminating of the eGovernment information for the member businesses, MCF has continuously been making efforts to be a well-structured and strategies driven federation since established.
Therefore, for the purpose of providing strategic directives and support to its members more effectively and efficiently as well as to be able to operate strategically and sustainably achieving the targeted goals, MCF absolutely needs the federation strategic plan. Realizing its importance, the Information and Technology sector represented MCF senior management officials actively participated in International Trade Centre’s strategies development and service portfolio development workshops for sector associations. During the workshop, MCF officials learned and gained the useful tools and decided to develop the organizational strategies for the federation.
After the workshop, MCF has received in-person coaching and gained in- depth concepts for the continuation of MCF organizational strategies development. Realizing the tools effectiveness, MCF enthusiastically tried to organize the internal workshop to develop the federation strategies with the decision makers, the responsible persons and executive committee members. As a significant action, MCF used the gained tools in the federation’s retreat and conducted an internal federation strategies development workshop for two days on 1 and 2 March 2020. Besides, MCF also applied one of ITC’s strategies development tools ‘As is/ Should Be’ during the meeting with MCF’s affiliated associations named Myanmar Computer Professional Association and Myanmar Computer Industry Association on March 6 2020.
Even during COVID times when in-person meetings became difficult, MCF continued to engage with ITC experts remotely and complete their organizational strategy. MCF strategic plan has four main strategic pillars: e-government, Myanmar 4.0, National Export Strategy and Unicode. This strategic plan will serve as MCF’s own roadmap to guide to its future destination. In addition, this will also contribute to transform Myanmar’s Information Technology sector with its vision, ‘Digital Transformation for Development (D4D)’ especially, during the pandemic when businesses need the association’s supports the most.
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အဖွဲ့အစည်းမဟာဗျုဟာအစီအစဉ်ကိုရေးဆွဲပြီးစီးခြင်း

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် ၂၀၂၀ပြည့်နှစ် မေလတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်းများနှင့် ကတိကဝတ်များ၏ အကျိုးဆက်အဖြစ် အဖွဲ့အစည်း မဟာဗျူဟာ အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့ပါသည်။ ထို့ပြင် သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ဆောင်မှုကဏ္ဍအတွက် ရေရှည်တည်တံ့သော ပံ့ပိုးခြင်းများနှင့်အတူ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲစေခြင်းဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုပြီး ရည်မှန်းချက်များအား ပြည့်မှီစေရန် အဆိုပါမဟာဗျူဟာအစီအစဉ်ကို စိတ်အားထက်သန်မှု များစွာဖြင့် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ဆောင်မှုကဏ္ဍ၏ ထိပ်သီး အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာ တိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲခြင်းလုပ်ငန်းစဉ်တို့တွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်နေပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် သတင်းအချက်အလက်နှင့်နည်းပညာ ကုမ္ပဏီများကို ပြည်ပပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် ပံ့ပိုးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍကိုလည်း စတုတ္ထမြောက်စက်မှုတော်လှန်ရေးနှင့် ရင်ဘောင်တန်းနိုင်စေရန် မြှင့်တင်ပေးလျက်ရှိသည်။ အသင်း၀င် လုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရကို တင်ပြခြင်း၊ ဌာနဆိုင်ရာများကို စည်းရုံးလှုံ့ဆော်ခြင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ e-Government ဆိုင်ရာသတင်းအချက်အလက်များကို ဖြန့်‌‌‌‌ဝေပေးခြင်း စသော ဝန်ဆောင်မှုများဖြင့် သတင်းအချက်အလက်နည်းပညာ ကဏ္ဍတွင် ဦးစီးဆောင်ရွက်နေသော မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် စတင်တည်ထောင်စဉ်ကပင် မဟာဗျူဟာကျကျ လည်ပတ်သော ကောင်းမွန်သော ဖွဲ့စည်းပုံရှိသည့် အသင်းချုပ်ဖြစ်ရန် စဉ်ဆက် မပြတ် အားထုတ်နေလျက် ရှိပါသည်။
ထို့ကြောင့်ပင် အဖွဲ့ဝင်များအား မဟာဗျူဟာကျသော ညွှန်ကြားချက်များနှင့် အထောက်အပံ့များကို ထိရောက်အကျိုးရှိစွာ ပေးနိုင်ပြီး အသင်းချုပ်သည်လည်း မဟာဗျူဟာကျကျ၊ ရေရှည်တည်တံ့အောင် လည်ပတ်ရင်း ရည်မှန်းချက်များ ပြည့်မှီစေရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တွင် မဟာဗျူဟာ အစီအစဉ်တစ်ခု အလွန်လိုအပ်နေခဲ့ပါသည်။ မဟာဗျူဟာအစီအစဉ်ဆွဲခြင်း၏ အရေးပါမှုကို နားလည်သော အသင်းချုပ်စီမံခန့်ခွဲသူများသည် သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ဆောင်မှု ကဏ္ဍကို ကိုယ်စားပြု၍ ကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များအတွက် ဆောင်ရွက်သော နိုင်ငံတကာ ကုန်သွယ်မှုဌာန(ITC) ၏ မဟာဗျူဟာအစီအစဉ်နှင့် ဝန်ဆောင်မှုအမျိုးအစားများ စုစည်းမှု ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲတွင် အသင်းချုပ် အရာရှိများသည် မဟာဗျူဟာရေးဆွဲရန် အသုံးဝင်သော နည်းလမ်းများကို လေ့လာသိရှိခဲ့ပြီး အသင်းချုပ်အတွက် အဖွဲ့အစည်းဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲပြီးသည့်အချိန်တွင် အသင်း၏ မဟာဗျူဟာရေးဆွဲခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် အနီးကပ်ကြီးကြပ်လမ်းညွှန်မှုများရရှိကာ မဟာဗျူဟာဆိုင်ရာအသေးစိတ်သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ပါသည်။ နည်းလမ်းများ၏ ထိရောက်မှုကို သိရှိပြီး၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သည် ဆုံးဖြတ်ချက်ချမှတ်သူများ၊ တာ၀န်ရှိသူများနှင့် အမှုဆောင် ကော်မတီ၀င်များ ပါ၀င်သော အသင်းတွင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တက်ကြွစွာစီစဉ်ခဲ့ပါသည်။ ထင်ရှားသော လုပ်ဆောင်ချက်တစ်ခုအနေဖြင့် လေ့လာခဲ့ပြီးသောနည်းလမ်းများကို အသင်းချုပ်၏ လုပ်ငန်းအစီအစဉ်များအား ပြန်လည်သုံးသပ်ရာတွင် အသုံးပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် အသင်းချုပ်တွင်း မဟာဗျူဟာရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ITC ၏ မဟာဗျူဟာရေးဆွဲခြင်း နည်းလမ်းတစ်ခုဖြစ်သော ‘As is / Should Be’ ဘောင်ကို အသုံးပြုကာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သည် ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့နှင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ရက်နေ့တွင်လည်း မဟာဗျူဟာရေးဆွဲခြင်းအတွက် အစည်းအဝေး ကျင်းပခဲ့ပါသေးသည်။
လူတွေ့အစည်းအဝေးများ ကျင်းပရန် ခက်ခဲသော COVID-19 ကာလအတွင်းတွင်ပင် အသင်းချုပ်သည် ITC မှ ကျွမ်းကျင် ပညာရှင်များနှင့် online မှတဆင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်ကာ အသင်း၏ မဟာဗျူဟာကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ မဟာဗျူဟာ အစီအစဉ်တွင် e-Government, Myanmar 4.0, အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) နှင့် စံသတ်မှတ်ခြင်းဟူ၍ အဓိက မဏ္ဍိုင် လေးခု ပါရှိပါသည်။ ဤမဟာဗျူဟာ အစီအစဉ်သည် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ အနာဂတ်ရည်မှန်းချက်များ ပြည့်မှီအောင် အသင်းချုပ်ပိုင် လမ်းပြမြေပုံကဲ့သို့ ဆောင်ရွက်ပေးမည် ဖြစ်သည်။ ထို့အပြင် ဤမဟာဗျူဟာ အစီအစဉ်အရ စီးပွားရေးလုပ်ငန်းများသည် အသင်း၏ထောက်ပံ့မှုကို အလိုအပ်ဆုံး ဖြစ်နေသော ကပ်ရောဂါဖြစ်နေချိန်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးရေးအား ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းရေး ”(Digital for Development – D4D) ဟူသည့် အနာဂတ်ရည်မှန်းချက်ဖြင့် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် ပါ၀င်ပံ့ပိုးပေးမည်ဖြစ်ပါသည်။

20200923-01

MCF strategy retreat
Exciting discussion & forgot to sitting during MCF Retreat
Meeting among MCF, MCPA, MCIA, and State/Region Computer Associations
MICT Park, Yangon, March 6, 2020

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm