MCIA ဘားအံ ရုံးဖွင့်ပွဲနှင့် MCF retreat ပြုလုပ်မည်

January 6, 2016
ကရင်ပြည်နယ် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းရုံး ဖွင့်ပွဲကို ဖားအံ့မြို့တွင် အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပြီး၊ ယင်းဖွင့်ပွဲ အပြီးတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အမှုဆောင်များလည်း ဆက်လက်၍ ၂၀၁၆ ခုနှစ်အတွက် လုပ်ဆောင်စရာ ရှိသည်များနှင့်ပတ်သက်၍ အစည်းအဝေးများ ဘားအံမြို့တွင်ပင် ဇန်နဝါရီလ ၈-၁၀ ရက်နေ့များအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm