Myanmar 4.0 Whitepaper ရေးဆွဲရေးအတွက် Stakeholder Roundtable Regroup Meeting ကျင်းပ

August 8, 2020

ရန်ကုန်၊ ဩဂုတ် ၄

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရေး Stakeholder Roundtable ပထမအကြိမ် အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် အွန်လိုင်းမှ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် အလုပ်မှုဆောင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထင်အောင်ခိုင်နှင့် အလုပ်အမှုဆောင်များ နှင့် အခြား အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုအစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေး နှင့် အာဆီယံ (၄.၀) စီမံကိန်းတို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရန် ပြင်ဆင်လျက်ရှိပါသည်။

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရ၏ Myanmar 4.0 ဆိုင်ရာ မျှော်မှန်းချက်များနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး Myanmar 4.0 Whitepaper ရေးဆွဲရေးအတွက် ကုန်ထုတ်လုပ်မှု၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ကဏ္ဍ (၇)ခုတွင် ပါဝင်သည့် အသင်းအဖွဲ့များက ကြိုတင်ပေးပို့ထားသည့် စစ်တမ်းလွှာများကို ဖြည့်စွက်လာပြီး ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးတို့က အာဆီယံ နိုင်ငံများ၏ ၄.၀ ဆိုင်ရာ စီမံကိန်းများကို လေ့လာသုံးသပ်ပြီး မြန်မာ ၄.၀နှင့် ပတ်သက်၍ဆက်လက်ရေးဆွဲမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm