“Myanmar Cyber Security Month 2020 လှူပ်ရှားမှု့များအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ”

October 13, 2020
ရန်ကုန်၊ ၁၂ အောက်တိုဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် US ICT Council တို့ ပူးပေါင်း၍ Myanmar Cybersecurity Month (MCM) 2020 ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ တစ်လလုံး “Do Your Part, #BeCyberSmart.” Theme ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းသတင်းစာရှင်းလင်းပွဲအား ၁၂-၁၀-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးသင်း၊ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးငြိမ်းဦး၊ ဦးဇော်ဝင်းထွန်း နှင့် ‌ဒေါက်တာမျိူးနိုင်တို့မှ တက်ရောက်ခဲ့ကြပါသည်။
သတင်းစာရှင်းလင်းပွဲတွင် US ICT Council ၏ Executive Director Ms. Gertchen Kuze မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ Myanmar Cyber Security Month 2020 တွင် ပြုလုပ်မည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက မိန့်ခွန်းပြောကြားရာတွင် လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကာလ၌ ဒီဂျစ်တယ်နည်းပညာများ၏ တန်ဖိုးကို အကျိူးရှိစွာ အသုံးချလာလျှက်ရှိသော်လည်း အခြားတစ်ဖက်တွင် လူများသတိထားရမည့် အန္တရာယ်များနှင့်ဆိုးကျိုးများရှိနေသဖြင့် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သော အသိပညာမြှင့်တင်ရန် အလွန်အရေးကြောင်းပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်နှင့် ကွန်ပျူတာအသင်းများမှလည်း ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ ကူညီ‌ဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိူးသားဆိုက်ဘာလုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက COVID-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံသားများအား ဆိုက်ဘာလုံခြုံရေးအန္တရာယ်များနှင့် ခြိမ်းခြောက်မှု့များမှ ကာကွယ်ရန်အတွက် မြန်မာဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍လည်း သတိထားရန်လည်း လိုအပ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန ရဲမှူးကြီး ဦးညွှန့်ဝေက ဆိုက်ဘာလုံခြုံရေးဆိုသည့်အရာကို ပြည်သူများနားလည်ရန်လိုအပ်ပြီး သတင်းအချက်အလက်များလည်း အမြဲနားစွင့်နေရန်လိုအပ်ကြောင်း ဆွေးနွေး ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အခြားတာဝန်ရှိသူများမှလည်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသည့်သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိပုဂ္ဂိုလ်များက ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm