(Myanmar Cybersecurity Month 2020)
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ ရန်ကုန်မြို့)
——————————–
Myanmar Cybersecurity Month 2020 ကို ကြိုဆိုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် USICT Council Myanmar တို့ ပူးပေါင်းပြီး သတင်းအချက်အလက် နည်းပညာ ခေတ်တွင် Cyber လုံခြုံရေးနည်းပညာများ တိုးတက်ပြန့်ပွားလာစေရန်အတွက် Cybersecurity နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ (၂၅.၁၀.၂၀၂၀)တွင် Online Video Conferencing စနစ်ဖြင့် နေ့လယ်(၁)နာရီ တွင် စတင်ကျင်းပ ခဲ့ပါသည်။
အစီအစဉ်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ US ICT Council for Myanmar ၏ Executive Director (Ms. Gretchen Kunze) က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
နေ့လယ် (၁:၃၀) အချိန်တွင် အခမ်းအနားအစီအစဉ် အပိုင်း (၁) အရ “Road to National Cyber Security Farmework” ခေါင်းစဉ်ဖြင့် Ministry of Home Affairs, Myanmar Police Force, Head of ICT Department ရဲမှူးကြီး ဦးထွန်းနေဝင်း၊ Biz Law Consultant Myanmar ၏ Legal Expert တစ်ဦးဖြစ်သူ ဦးမင်းတေဇညွန့်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရဲနိုင်မိုး နှင့် Wave Money ၏ Deputy Chief Technology Officer ဒေါ်ခင်နီတာသိန်း တို့က Panelist အဖြစ် ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း၏ ဒုတိယဥက္ကဋ္ဌ (၁) ဦးရဲကျော်သိန်း က Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားအစီအစဉ် အပိုင်း (၂) အရ “ Skill Set For Security Professionals” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင် ဦးအောင်ဇော်မြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်ခင်ဆွေဌေး ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် Cyber Security Research Lab က ဒေါက်တာမီမီစုသွင် တို့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်း က Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညနေ (၄း၃၀) အချိန်တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင် က အစီအစဉ်တွင် ပါဝင်ဆွေးနွေး ပြောကြားခဲ့သူများနှင့် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) က တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အသီးသီး က CIO၊ CTO၊ CSO များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ အစိုးရအဖွဲ့များမှ စိတ်ဝင်စားသူများ နှင့် အခြားနယ်ပယ် အသီးသီးက စိတ်ဝင်စားသူများ အပါအဝင် လူဦးရေ ၄၇၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်