လူကြီးမင်းများရှင့်
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကျင်းပြုလုပ်ခဲ့သည့် National ICT Award 2015 (Educational Project) အတွက်၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အပြီးသတ်စိစစ်ရွေးချယ်ခဲ့ပြီး Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော စာရင်းကို ကြေငြာပြီး ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ National ICT Award 2015 (Educational Project) ဆုချီးမြှင့်ပွဲ နှင့် အမျိုးသားအဆင့်ပြိုင်ပွဲဝင် နှင့် ဆုရှိသောပရောဂျက်များ ခင်းကျင်းပြသပွဲ ကို ၂၀၁၆ခုနှစ်၊ မတ်လ (၂၆) ရက် စနေနေ့ နံနက်(၉)နာရီ မှ ညနေ (၅:၀၀)နာရီထိ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထား ပါသည်။
ထိုပွဲတွင် Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော Project များ၊ IT Business Plan Contest 2015 ဆုရရှိသော Project များနှင့် World ITU Telecom (Young Innovator Competition) အတွက်ဆုရရှိသော Project တို့ကိုခင်းကျင်းပြသထားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါဆုချီးမြှင့်ပွဲ နှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကို တက်ရောက် လေ့လာနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်