Virtual APICTA 2020-2021 ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

September 30, 2021
Asia Pacific ICT Awards (APICTA) ပြိုင်ပွဲကို မြန်မာနိုင်ငံ၏အိုင်စီတီ product များ အာရှပစိဖိတ်ဒေသအတွင်း ထိုးဖောက်နိုင်ရန်၊ နည်းပညာတီထွင်ဆန်းသစ်မှုများ မြှင့်တင်ရန်၊ စွမ်းရည်မြှင့်တင်ရန်နှင့် အသုံးချရန်၊ နိုင်ငံတကာဈေးကွက်တွင် ဆန်းသစ်သည့် ICT Solution များပေါ်ထွက်လာရန်အတွက် အားပေး ကူညီရန်၊ နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှု ကွန်ယက်ကို တည်ဆောက်ရန်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး နှစ်စဉ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm