ရန်ကုန်၊ ဒီဇင်ဘာ ၁၅ရက်နေ့
ဗဟို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၅ရက်နေ့တွင် Online Video Conferening စနစ်ဖြင့် နေ့လည် (၂း၃၀) အချိန်တွင် စတင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ ဥက္ကဋ္ဌ ဦးအောင်ထူး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ (ဒုတိယဝန်ကြီး(စက်မှု)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန) တွဲဖက်ဥက္ကဋ္ဌ ဒေါက်တာမင်းရဲပိုင်ဟိန်း မှ အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ( နေပြည်တော် )တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများ၏ MSME Agency ဥက္ကဋ္ဌများမှ နှုတ်ခွန်းဆက်စကားနှင့် ဒီဇင်ဘာလအတွင်း ဖြန့်ဝေမည့် MSME Master Plan (2020-2030) ပါ Goal (၉) ချက်အား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်မှ Action Plan တစ်ခုချင်းစီကို အကြမ်းဖျဉ်း ရှင်းလင်းတင်ပြခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား မူဝါဒနှင့် ပြည်ပရေးရာဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးသောင်းဦးမှ ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် MSME Angency ရုံးများ တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် အဆိုပါရုံးများတွင် ထိရောက်သော One stop Service များပေးနိုင်ရေး၊ SME ဥပဒေအရ MSME မှတ်ပုံတင်ခြင်း Regional MSME Agency များမှ ဆောင်ရွက်နိုင်ရေး၊ Regional MSME Action Plan များ၏ အကောင်ထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ဦးစားပေးကဏ္ဍများအနက်မှ Pilot Project အဖြစ် စတင်အကောင်အထည်ဖော်မည့် ကဏ္ဍတစ်ခုအား Regional MSME Agency များမှ ရွေးချယ်ပေးနိုင်ရေးနှင့် ဆောင်ရွက်နိုင်ရေး၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့များတွင် Incubation Center ဖွင့်လှစ်မှုနှင့် Local Consultant များဖြင့် ပံ့ပိုးမှုအခြေအနေများ၊ ကျန် တိုင်းဒေသကြီး/ ပြည်နယ်များမှ တည်ထောင်နိုင်ရေးနှင့် အစီအမံများကို ဒေသဆိုင်ရာ MSME Agency များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ (ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ ဥက္ကဋ္ဌ ဦးအောင်ထူး မှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲ အခမ်းအနားကို ညနေ (၆း၀၀) အချိန်တွင် ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ (ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ ဥက္ကဋ္ဌ ဦးအောင်ထူး၊အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (ဒုတိယဝန်ကြီး(စက်မှု)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန) တွဲဖက်ဥက္ကဋ္ဌ ဒေါက်တာမင်းရဲပိုင်ဟိန်း၊
ဥက္ကဋ္ဌ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ( ပြည်ထောင်စုနယ်မြေ( နေပြည်တော် ) တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများ)ဥက္ကဋ္ဌ၊ MSME လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ ၊
ဒုတိယဥက္ကဋ္ဌ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (ဥက္ကဋ္ဌ၊ UMFCCI)၊
မြန်မာနိုင်ငံကွန်ပျူတအသင်းချုပ် (MCF) မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင်၊ အတွင်းရေးမှူး၊ MSME လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ UMFCCI)၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြသည်။
#MCF #မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်