မူရင်းကျမ်းမှာ မြန်မာစာအဖွဲ့ ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၀၃ ခုနှစ်ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ဖြစ်သည်။ အောက်ပါလင့်မှတဆင့် ဝင်ရောက်လေ့လာ သုံးစွဲနိုင်ပါသည်။
https://my.wiktionary.org/wiki/
———————————————————————
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်း တချို့ကို ဒီနေရာမှာ စုစည်းပေးလိုက်ပါတယ်။
အမှန် အမှား
နုတ်ထွက် နှုတ်ထွက်
သန္နိဌာန် သံဓိဌာန်
အမီလိုက် အမှီလိုက်
အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည်
ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး
ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ
တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း
စိစစ် စီစစ်
ရှုတ်ချ ရှုပ်ချ
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည်
ရှုပ်ထွေး ရှုတ်ထွေး
ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက မဟုတ်ပါ
ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ
ချက်ချင်း ချက်ခြင်း
source: http://www.bbc.co.uk/academy/burmese/language/spelling/article/art20131107134336056