၂၉-၇-၂၀၂၀ ရက်နေ့ မွန်းလွဲ (၁:၃၀) နာရီ၌ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရုံးတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ သွားရောက်ပြီး e-Government ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဒေါက်တာတင်မောင်မောင်သန်း၊ ဒေါက်တာသန်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးဖုန်းကြွယ် နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အကြောင်း မိတ်ဆက်ပြောကြားပြီး IT Governance & Structure အကြောင်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက e-Government အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်ချက်များ နှင့် e-Government တိုးတက်ရေးအတွက် အကြံပြုချက်များ အကြောင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်းက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်က ကော်မရှင်၏ အိုင်တီဆိုင်ရာ လုပ်ငန်းစဉ်များတွင် ယခင်က ပါဝင် အကြံပေးဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ အပါအဝင် ကော်မရှင်၏ e-Government လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြပါသည်။