လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါ၏ အကျိုး သက်ရောက်မှုကြောင့် MSME လုပ်ငန်းများ ထိခိုက်မှုလျော့နည်းစေရေး၊ ရှင်သန် ရပ်တည်နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) နှင့် SME Center (ရန်ကုန်) တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ခြင်း ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် MSME အေဂျင်စီ တွဲဖက်ဥက္ကဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာမင်းရဲပိုင်ဟိန်းတို့မှ အသီးသီး အမှာစကားပြောကြားခဲ့သည်။
ထို့နောက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးထွန်းသူရသက် နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင် ၊ လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နာယက ဦးခင်မောင်ကျော်၊ MSME အေဂျင်စီ ဒုတိယ ဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့မှ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း၊ MSME အေဂျင်စီ တွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော် (ဒုတိယဝန်ကြီး(ငြိမ်း))၊ ဒုတိယဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးထွန်းသူရသက်နှင့် တွဲဖက်အတွင်းရေးမှူးဒေါ်ချောခင်ခင်၊ MSME အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)