၁။ Seoul Design Award 2026 ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် Seoul Design Foundation မှကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ပြီး ဆုများအနေဖြင့် အောက်ပါအလိုက် ပေးအပ်သွားမည်ဖြစ်သည်။
• Area 1: Main Award (Projects or products that are produced, launched, and available for users)
• Area 2: Young Designer Award (Design concept mockups, prototypes, plans, etc.)
• Area 3: ESG Design Impact Award (Corporate projects in sustainable design)
၂။ အဆိုပါ Seoul Design Award 2026 သို့ (၅) နှစ်အတွင်း ဖန်တီးထားတဲ့ ဒီဇိုင်းများဖြစ်သော (Product, Visual, Digital/Al, Space/System, Service/ Experience/ Social, etc.) များ ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် တစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် သတ်မှတ် ရက် ဖြစ်သည့် (၃၀-၃-၂၀၂၆) ရက်နေ့ မှ (၃၀-၆-၂၀၂၆) ရက်နေ့အထိ တောင်ကိုရီးယားစံတော်ချိန် ညနေ (၃) နာရီ အထိ ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားနိုင်ပါ ကြောင်း ဖော်ပြပါရှိပါသည်။
၃။ Seoul Design Award 2026 နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာ http://seouldesignaward.or.kr တွင် ဝင်ရောက်ကြည့်ရှုလေ့လာ၍ ပါဝင်ယှဉ် ပြိုင်နိုင်ပါကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်မှုအခြေအနေအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် သို့ ပြန်လည်အကြောင်းကြားပေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။
၄။ Seoul Design Award 2026 နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဖုန်း ၀၁-၈၆၅၂၃၀၇၊ ၀၉-၄၅၆၀၈၇၀၃၈၊ ၀၉-၆၇၇၆၈၇၀၃၈ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ICT ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများနှင့် စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင် ပါရန် ဖိတ်ခေါ် အပ်သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်