အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးကျင်းပ

Jul 17, 2026 | Activities

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ အေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အေဂျင်စီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြင်ပအဖွဲ့အစည်းများမှ အေဂျင်စီအဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် အေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက်လာကြ သူများက လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အဓိကစွမ်းဆောင်ရည်ညွှန်းကိန်း (Key Performance Indicators-KPI) များ သတ်မှတ်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လုပ်ငန်း ဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချောခင်ခင်က မြန်မာနိုင်ငံကွန်ပျုတာ အသင်းချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာပြပွဲများနှင့် ဒီဂျစ်တယ်နည်းပညာ သင်တန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်