“The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနား

November 4, 2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့
Microsoft Teams (Fully Online) မှ တစ်ဆင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က ကြီးမှူးကျင်းပသွားသည့် “The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

ဦးစွာ ပထမ “The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ‌ဒေါက်တာမျိုးကြွယ် တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (University of Information-UIT) ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ဒု-ဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါ်သန်းသန်းတင့်၊ ဒေါက်တာနွဲ့နွဲ့ဝင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်း၊ အလုပ်အမှုဆောင် ဦးငြိမ်းဦး၊ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် (University of Information-UIT) မှ တာဝန်ရှိသူများ ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ အဖွဲ့အစည်းများမှ စိတ်ဝင်စားသူများ နှင့် အခြားနယ်ပယ် အသီးသီးမှ စိတ်ဝင်စားသူများ အပါအဝင် လူဦးရေ ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့သည်။

Microsoft Teams (Fully Online) မှ တစ်ဆင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က ကြီးမှူး ကျင်းပသွားမည့် “The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နှင့် (၅) ရက်နေ့ ၂ရက်ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm