၂၀၂၀ ပြည့်နှစ် သီတင်းကျွတ် ဂါဝရပြု ကန်တော့ပွဲကျင်းပပြုလုပ်

November 4, 2020

ရန်ကုန်၊ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်(MCF) မိသားစုဝင်များ၏ သီတင်းကျွတ် ဂါရဝပြုကန်တော့ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ နံနက် (၁၀) နာရီတွင် Online စနစ်ဖြင့် ကျင်းပ ဂါရဝပြုကန်တော့ပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် သီတင်းကျွတ် ဂါဝရပြု ကန်တော့ပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် နာယကဆရာကြီးများဖြစ်ကြသော ဆရာဦးသိန်းဦး၊ ဆရာဦးတင်ဝင်းအောင်၊ ဆရာဦးသောင်းတင်၊ ဆရာဦးခွန်ဦး၊ ဒုတိယဥက္ကများ ဖြစ်ကြသော ဆရာမဒေါ်သန်းသန်းတင့်၊ ဆရာမဒေါက်တာနွဲ့ နွဲ့ဝင်း တို့က တက်ရောက် ဂါဝရပြုကန်တော့ခံ ခဲ့ကြပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) ဥက္ကဋ္ဌ ကြီးမှူးသည့် အလုပ်အမှုဆောင်များနှင့် ဝန်ထမ်းများက ကန်တော့ခဲ့ကြပါသည်။
ဆက်လက်၍ ကွယ်လွန်သွားပြီဖြစ်သော မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်နာယက ဒေါက်တာကျော်သိန်းအား လွမ်းဆွတ်တမ်းတ ဂါရဝပြုသည့်အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) ဥက္ကဋ္ဌ ကြီးမှူးသည့် အလုပ်အမှုဆောင်များနှင့် ဝန်ထမ်းများက တစ်မိနစ်ခန့် ငြိမ်သက်၍ ဂါရဝပြုကန်တော့ခဲ့ကြပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm