“စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများ မြန်မာယူနီကုဒ် ကူးပြောင်းရေး” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Aug 15, 2019 | Competition

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပသော “စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများ မြန်မာယူနီကုဒ် ကူးပြောင်းရေး” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၈-၂၀၁၉ (သောကြာနေ့) နံနက် (၁၁ : ၃၀) နာရီတွင် Conference Hall, Main Building, MICT Park ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ အတွင်းရေးမှူး) ဦးဝင်းခိုင်မိုးက မြန်မာယူနီကုဒ်စံစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။