Kanaung Hub startup founders and entrepreneurs များအား Training ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နှင့် Korea Engineers Alliance(KEA) တို့ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၆.၇.၂၀၁၉ (သောကြာနေ့)၊ နံနက် (၁၁:၃၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီထိ Kanaung Room, Kanaung Hub Incubation Center, Building (14), 5th Floor, MICT Park တွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ဒုဥက္ကဋ္ဌ ဒေါက်တာနွဲ့နွဲ့ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သူနှင့် အလုပ်အမှုဆောင် ဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့ပါသည်။