၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၃) ရက်
အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ) ၏ နှစ်စဉ် ကျင်းပ ပြုလုပ်သည့် “International Girls in ICT Day 2026” အခမ်းအနားကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းနှင့် ပူးပေါင်း၍ “AI for Development: Girls Shaping the Digital Furture” ခေါင်းစဉ်ဖြင့် နည်းပညာဆွေးနွေးပွဲ၊ လက်တွေ့ဆောင်ရွက်ခြင်းများနှင့် နည်းပညာမျှဝေခြင်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် Kanaung Hub Incubation Center တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ GUSTO Myanmar College မှ တာဝန်ရှိသူများနှင့် ကျောင်းသူများ၊ STI Myanmar College မှ တာဝန်ရှိသူများနှင့် ကျောင်းသူများ၊ Youth International College မှာ ဝာာဝန်ရှိသူများနှင့် ကျောင်းသူများ၊ အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ကျောင်းသူများပါဝင်တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားအားကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးထင်အောင်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး AI for Development Keynote Presentation အားရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း၊ အတွင်းရေးမှူး ဒေါ်ချစ်အိမ်သူက Girl Shaping Digital Future Gemini Gems ဖြင့် Create your own AI Assistant လက်တွေ့ဆောင်ရွက်ခြင်း အစီအစဉ်ကို ဦးဆောင်၍ တက်ရောက်လာကြသော နည်းပညာစိတ်ဝင်စားသူကျေင်းသူနှင့် အတူပြုလုပ်ခဲ့သည်။
ထို့နောက် “Mentoring session for Girls in ICT” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးအေးသင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ပန်းအိဖြူနှင့် မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်း အတွင်းရေးမှူး ဒေါ်ချမ်အိမ်သူတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ သည့် ကျောင်းသူလေးများ နှင့် နည်းပညာ နှီးနှောဖလှယ် မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ မြန်နိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း အတွင်းရေးမှူး ဒေါ်ချစ်အိမ်သူက မြန်မာနိုင်ငံကွန်ပျူ တာဝါသနာရှင်အသင်းအကြောင်းရှင်းလင်းပြောကြားပြီး အသင်းဝင်များလက်ခံခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (DE Committee) ဒေါ်တင်တင်လှိုင်က အခမ်းအနားကို နိဂုံးချုပ်အမှစကားပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်