Windows 8, 8.1, 10 မြန်မာ ကီးလက်ကွက် ဖွင့်နည်း

Feb 3, 2016 | Myanmar Unicode

(ပထမနည်း)

  1. Start Start + r တွဲနှိပ်ပါ။ Run box မှာ intl.cpl ဟုရိုက်၍ enter ခေါက်ပါ။
  2. format tab က Language preferences ကို နှိပ်ပါ။
  3. Add a Language ကိုနှိပ်ပြီး ညာဖက်အပေါ်ထောင့်ရှိ Search Languages box ထဲမှာ bur ဟုရိုက်လိုက်လျှင်ပင် မြန်မာဘာသာ လက်ကွက်ကို ထုတ်ပြပေးပါလိမ့်မည်။
  4. မြန်မာဘာသာလက်ကွက်ကိုရွေး၍ Add နှိပ်ပါက လက်ကွက်ဖွင့်ထားခြင်းပြီးဆုံးပါပြီ။
  5. Start Start + Space bar တွဲနှိပ်ကာ လက်ကွက်ရွေးချယ်နိုင်ပါသည်။

(ဒုတိယနည်း)

  1. Start Start menu နှိပ် Settings ရွေး
  2. Time & language ကိုရွေး
  3. ဘယ်ဘက်အတိုင်က Region & language ကိုနှိပ်
  4. Add a language ကိုရွေး
  5. Burmese ဆိုတာကိုရှာ နှိပ်ပါ။

လက်ကွက်ကိုကြည့်လိုပါက အချိန်နာရီ သို့မဟုတ် လက်ကွက်ပေါ်တွင် Right + Click နှိပ်ပါ။ Pop-up menu ပေါ်လာပါက ၄ ခုမြောက်နေရာလောက်တွင် Show touch keyboard button ရွေးပေးပါ။ ဘေးတွင် လက်ကွက်ပုံပေါ်လာမည်။ ၎င်းကို နှိပ်ပါက လက်ကွက် ဇယားကွက်ကြီးကို မြင်တွေ့ရပါမည်။