၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့။
…………………………………………..
McKinsey Myanmar ၏ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့မှ မြန်မာနိုင်ငံ နည်းပညာလုပ်ငန်းများ ပျိုးထောင်ပေးရေးနှင့် နည်းပညာလုပ်ငန်းများတိုးတက်စေရန် ပူးပေါင်းလုပ်ကိုင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က Myanmar 4.0 နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး McKinsey Myanmar မှ တာဝန်ရှိသူများဖြစ်ကြသော Dr. Silke-Susann Otto, Senior Client Development Advisor, Yangon ၊ Mr. Shatetha Terdprisant, Senior Partner, Yangon and Mr. Bastien Puech Associate Partner, Yangon တို့နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲရင့်ဝင်း၊ ဒေါက်တာနွဲ့နွဲ့ဝင်း၊ ဦးမျိုးမြင့်ထွန်း၊ ဒေါက်တာထွန်းသူရသက်၊ အထွေထွေအတွင်းရေးမှူးဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းမှူး ဒေါ်ချောခင်ခင် နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဇော်ထွဋ်တို့ တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။
#MCF # မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်