စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Website မိတ်ဆက်ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်မှ တာဝန်ရှိသူများ တက်ရောက်

Oct 21, 2020 | Activities

ရန်ကုန်၊ ၂၁ အောက်တိုဘာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Website ဖြစ်သော www.myantrade.gov.mm ကို International Trade Center ၏ ပံ့ပိုးကူညီမှုဖြင့် ပြုပြင်မွမ်းမံထားပြီး website မိတ်ဆက်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၃:၀၀) နာရီ အချိန်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချူပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးမျိူးမြင့်ထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင် တို့က တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်