၁။ အထက်ပါအကြောင်းအရာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ် အနေဖြင့် မြန်မာနိုင်ငံ၏ IT Industry ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းဆိုင်ရာအရည် အသွေး မြှင့်တင်ရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စံသတ်မှတ် ချက်များ ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ IT Industry ကဏ္ဍ၏ လက်တွေ့လိုအပ်ချက်များနှင့် ကိုက်ညီသော စံသတ်မှတ် ချက်များ ချမှတ်ရာတွင် ပုဂ္ဂလိက၏ အမြင်များ၊ အတွေ့အကြုံများနှင့် အကြံပြုချက်များသည် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
၃။ ထို့ကြောင့် IT Industry အတွက် ဖွံဖြိုးတိုးတက်မှုအတွက် စံအဖြစ် သတ်မှတ် ပြဋ္ဌာန်းသင့်သည်ဟု ယူဆသော စံသတ်မှတ်ချက်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ နှင့် အကြံပြုချက်များအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ [email protected] သို့ (၃၁-၅-၂၀၂၆) ရက်နေ့ နောက်ဆုံး ထား၍ ပြန်လည်ပေးပို့နိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်