ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှ မှတ်ပုံတင်နိုင်

Sep 25, 2020 | Activities

COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်ပါဝင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက Online မှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်ပါသည်။

မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်းပြီးမြောက်ပါက ဝန်ထမ်းတဦးချင်းစီနှင့် မော်တော်ယာဉ်တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမည်ဖြစ်ပြီး၊ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID အား ပြသရမည်ဖြစ်ပါသည်။

Online မှ မှတ်ပုံတင်ခြင်းကို အောက်ပါ Link တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။
https://QRpass.SawSawShar.gov.mm တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

လျှောက်ထားရန်အဆင့်များ
အဆင့် (၁)- အညွှန်းတွင်ဖော်ပြထားသော အချက်များအား ဖြည့်စွက်ပါ
အဆင့် (၂)- Save ကိုနှိပ်ပါ
အဆင့် (၃)- တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းစာရင်းအား ဖြည့်စွက်ရန်အတွက် Employee List ကိုနှိပ်ပါ။ (သို့မဟုတ်) သုံးစွဲမည့် မော်တော်ယာဉ်စာရင်းစတင်ဖြည့်စွက်ရန်အတွက် Add Vechicle ကိုနှိပ်ပါ။
အဆင့် (၄)- အချက်အလက်များအားလုံး ပြည့်စုံပါက Sumbit ကိုနှိပ်ပါ။ မိမိထည့်သွင်းထားသော အီးမေးထံသို့ Confirmation email ဝင်လာမည်။ Submit နှိပ်မှသာ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များ၏ QR Pass များကို ရယူနိုင်မည် ဖြစ်ပါသည်။
(အထူးသတိပြုရန်ချက် – ကုမ္ပဏီအချက်အလက်များ၊ ဝန်ထမ်းအချက်အလက်များ၊ မော်တော်ယာဉ်အချက်အလက်များ မှန်ကန်အောင် ပြည့်စုံစွာ ထည့်သွင်းပြီးမှသာ Submit အားနှိပ်ပါ)