CIO/CTO Online Conference” Webinar သို့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနွဲ့နွဲ့ဝင်း နှင့် တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်း တက်ရောက် ဆွေးနွေး

September 10, 2020

ရန်ကုန်၊ ၂၈ ဩဂုတ်

e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းက ကျင်းပပြုလုပ်သည့် “CIO/CTO Online Conference” ဆွေးနွေးနှီးနှောဖလှယ်ပွဲကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်း စနစ်ဖြင့် ကျင်းပခဲ့ပြီး “FUTURE PLAN FOR E-GOVERNMENT HRD” (e-Government လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် အနာဂတ်အစီအစဉ်များ) စကားဝိုင်းတွင်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနွဲ့နွဲ့ဝင်း က Panelist အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာအေးအေးသင်းက Moderator အဖြစ်လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm