EQUALS in Tech Awards 2020 ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

July 15, 2020
International Telecommunication Union (ITU) Telecom World က ဖိတ်ကြားသော The EQUALS Global Partnership for Gender Equality in the Digital Age မှ ကြီးမှူးကျင်းပမည့် EQUALS in Tech Awards 2020 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ICT ကဏ္ဍတွင် အမျိုးသမီးများအပြည့်အ၀ပါဝင်ဆောင်ရွက်နိုင်သည့် Gender Equality ဖြစ်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများ (သို့မဟုတ်) တစ်ဦးချင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm