ထိုင်ဝမ်နိုင်ငံတွင် ကျင်းပပြုလုပ်သော “COMPUTEX TAIPEI 2019”

Jun 7, 2019 | Activities

၂၀၁၉ ခုနှစ်၊ မေလ (၂၈) ရက်တွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော “COMPUTEX TAIPEI 2019” ပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်း မှ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား တွင် ထိုင်ဝမ်သမ္မတက အဖွင့်အမှာစကားပြောကြား၍ သက်ဆိုင်ရာအဖွဲ့များအား Best Award ဆုများချီးမြှင့်ခဲ့ပါသည်။ ထိုပွဲမှ “International Workshop on Network Security and Emerging Technologies” workshop သို့ နိုင်ငံပေါင်း (၂၀)ကျော်မှ ကိုယ်စားလှယ် (၂၄)ဦးတက်ရာက်ခဲ့ပြီး နိုင်ငံအလိုက် “Challenge Opportunity” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Microsoft Taiwan၊ National Communications Commission (NCC)၊ National Communication and Cyber Security Center (NCCSC)၊ Institute of Information Industry (III) စသည့် နေရာများသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့နောက် U.S Indo-Pacific Strategy and Emerging Technologies ဆွေးနွေးပွဲနှင့် International Cyber Security Center of Excellence(ICCOE) ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Towards the Possibility of Creation Taiwan ပွဲများသို့ တက်ရောက်ခဲ့ပါသည်။