“ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း”

December 4, 2020

ASEAN-Korea Center (AKC) က ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် Online မှ ကျင်းပပြုလုပ်သည့် ASEAN-Korea Startup Week: Online Challenge တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ဦးစီး၍ မြန်မာနိုင်ငံကိုယ်စားပြုပါဝင် ​ လျှောက်ထားခဲ့သည့် ICT Sector မှ Startup (၂) ဖွဲ့ တွင် Village Link Company Limited (Htwet Toe App) က အမြင့်ဆုံးသော Diamond ဆုကို ရရှိခဲ့သည်။

ASEAN-Korea Startup Week: Online Challenge တွင် အမြင့်ဆုံးသော Diamond ဆုကို ရရှိခဲ့သော Village Link Company Limited (Htwet Toe App) အား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ထပ်တူ ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ရပါသည်။

#MCF # မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
#VillageLinkCompanyLimited

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm